မြစ်သား ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လျာထားသူဦးရေ၏ (၅၁.၂၅)ရာခိုင်နှုန်းကို အဆိုပါကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ် ကာကျန်ရှိနေသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ဇန်နဝါရီ (၁၉)ရက်နေ့အထိ မြစ်သားမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် လျာထားသူဦးရေ၏ (၅၁.၂၅)ရာခိုင်နှုန်းကို ကာကွယ်ဆေးများထိုးနှံပေးပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံဖို့ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြစ်သားမြို့နယ်အတွင်းမှာ စုစုပေါင်း(၁၄၆၅၄၁)ဦးကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးဖို့ လျာထားတာဖြစ်ပြီး လက်ရှိ ပထမအကြိမ် ကာကွယ်ဆေးထိုးပေးနိုင်မှု (၇၅၀၉၉)ဦး၊ ဒုတိယအကြိမ် (၅၅၅၁၀)ဦး စုစုပေါင်း (၅၁.၂၅)ဦးထိုးနှံပေး နိုင်ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဝင်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူ များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် အဆိုပါကာကွယ် ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)