မိုးနဲ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ဒေသနွားမများအား ဈေးကွက်ဝင် အရည်အသွးမြင့် မျိုးကောင်းမျိုးသန့်နွားများပွားများလာစေရေးအတွက် ဒေသနွားနှင့် နို့စားနွားမများအား မေထုံမဲ့ သားစပ်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နားခံကျေးရွာအုပ်စု ပန်အူကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ခိုင်မြဲစည်သူနှင့် ဝန်ထမ်းများက မေထုံမဲ့ သားစပ်ပေးခြင်းကိုဆောင်ရွက်ပေးခဲ့ပြီး ယခုလအတွင်း နွားမေထုံမဲ့ သားစပ်ခြင်းအဖြစ် ဒေသနွားပြာစိမ်း ၇ ကောင်နှင့် နို့စားနွား ၅ ကောင်၊ စုစုပေါင်း ၁၂ ကောင်ကို မေထုံမဲ့သားစပ်ပေးနိုင်ခဲ့ပြီး နွားမွေးမြူသူတောင်သူများအနေဖြင့် ပြာစိမ်းမျိုး၊ ရွှေနီမျိုး၊ ဖရီရှန်မျိုးစသည့် နွားမျိုးကောင်းမျိုးသန့် မျိုးချောင်းများဖြင့် မေထုံမဲ့သားစပ်နိုင်ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ