မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ရှေ့လုပ်ငန်းစဉ်ဆွေးနွေးပွဲကျင်းပ

မေတ္တာ  ဇန်နဝါရီ  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ရှေ့လုပ်ငန်းစဉ်အကြောင်း ဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းခလိုက်ရှုက မိမိတို့ Youth Club/Book Club အဖွဲ့များ၏ လုပ်ငန်းစဉ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နေစဉ်ကာလအတွင်း လုပ်ငန်းများ ရပ်နားထားသည်မှာ ကြာမြှင့်နေပြီဖြစ် ကြောင်း ယခုအခါ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူ(Book Club/ Youth Club)အဖွဲ့ဝင်များက အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နန်းခလိုက်(မေတ္တာ)