မရမ်းကုန်းမြို့နယ် စံပြရပ်ကွက်အဖြစ်​ ရွေးချယ်ထား​သော အမှတ်(၇)ရပ်ကွက်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ​ ဆောင်ရွက်

မရမ်းကုန်း ဇန်နဝါရီ ၂၀

မြို့တော်သန့်ရှင်းသာယာ သပ်ရပ်စေရေးအတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်၊ စံပြရပ်ကွက်အဖြစ်​ ရွေးချယ်ထား​သော အမှတ်(၇) ရပ်ကွက်၊ မလိခလမ်းရှိ မြက်ပင် ခြုံနွယ်များ ရှင်းလင်းခြင်း၊​​​ ရေမြောင်းရှင်းလင်း​ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယ​နေ့ နံနက် နာရီအချိန်က ​​မြို့နယ်စည်ပင် သာယာ​ရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အမြင်မတင့်တယ်သည့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း​​၊ ရေစီး​ရေလာ​ကောင်းမွန်​စေ​ရေး မြောင်းအတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းနှင့် အနီးပတ် ဝန်းကျင်ရှိ အမှိုက်များ သန့်ရှင်း​ခြင်းလုပ်ငန်းများကို​ ရေစီးရေလာ လုပ်သား(၇)ဦး၊ သန့်ရှင်း ရေးလုပ်သား (၁၀)ဦး၊ အုပ်ချုပ်​ရေးမှူးရုံး ဝန်ထမ်း(၁၀)ဦး စုစုပေါင်း(၂၇)ဦးနှင့် အမှိုက်သယ် ယာဉ်()စီးတို့ဖြင့် ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)