နတ်မောက် ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ယာယီစျေးအတွင်းငှက်ပျောဖီးများ လှိုင်လှိုင်ပေါ သော်လည်းငှက်ပျောဖီး စျေးကောင်းသည့် အတွက် စျေးရောင်းချသူများ အဆင်ပြေ လျက်ရှိ ကြောင်း ငှက်ပျောဖီးရောင်းချသူ ဦးဝင်းမောင်ထံမှ သိရသည်။
“ကျွန်တော်ကတော့ နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်မှာနေပါတယ် အရင်ကတော့ မြို့မစည်ပင်သာယာရေး စျေးကြီးထဲမှာ ဆိုင်ခန်းနဲ့ ငှက်ပျောဖီးတွေရောင်းပါတယ်၊ အခုဆိုရင် ယာယီစျေးမှာစျေးရောင်း ရပါတယ်။ ကျွန်တော်လိုငှက်ပျောဖီး ရောင်းတဲ့ စျေးသည်တွေပေါသော်လည်း စျေးဆိုင်တိုင်းငှက်ပျောဖီး ရောင်းရပါတယ်၊ အခုအချိန်တွေက အလှူတွေ၊ မင်္ဂလာဆောင်တွေရှိ တဲ့အတွက် ငှက်ပျောဖီးဝယ်တဲ့ သူတွေပေါပါတယ်၊ ငှက်ပျောဖီးစျေးကတော့ ခွံစိမ်းတစ်ဖီးကို (၁၀၀၀) ကျပ်၊ ဖီးကြမ်းတစ်ဖီးကိုတော့ (၈၀၀) ကျပ် (သို့) (၁၀၀၀) ကျပ် ရောင်းရပါတယ်။ ကျွန်တော်တို့က ငှက်ပျောဖီးကိုပဲရောင်းတဲ့ အတွက်ကြောင့် တစ်ရက် ငှက်ပျောဖီး ရောင်းရငွေ(၈၀၀၀၀)ကျပ်မှ (၁၀၀၀၀၀)ကျပ်အထိ ရပါတယ်ဟု ယာယီစျေးအတွင်း ငှက်ပျောဖီးရောင်းချသူ ဦးဝင်းမောင်ထံမှ သိရသည်။
လှဝင်း (ပြန်/ဆက်)