သတင်းများ

ရွှေကူမြို့၌ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဘတ်ဂျက်တွင်ဆောင်ရွက်မည့် (VDP) ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 03,2021
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်၌ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဘတ်ဂျက် တွင် ဆောင်ရွက်မည့်(VDP)ရန်ပုံငွေ သိန်း ၅၀ ကျပ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်  ၁၀  နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Dec 03,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်မထိုးနှံရသေးသည့် အသက်(၄၀)နှစ် အထက် ရဟန်းရှင် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ် နှစ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့၊ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ရတနာမြေဓမ္မာရုံ၊ ရေနံသာလမ်း၊ သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် ပထမအကြိမ် ကာကွယ် ဆေးလာရောက် ထိုးနှံကြသူကျား ၁၁၂၊ မ ၂၀၀ ဦး စုစုပေါင်း ၃၁၂ ဦးနှင့် ဒုတိယအကြိမ် ကာကွယ် ဆေးလာရောက်ထိုးနှံကြသူ ကျား ၂၃၉ ဉီး၊ မ ၄၁၂ ဉီး စုစုပေါင်း ၆၅၁ ဉီးရှိ ကြောင်းသိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေး
Dec 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများကို အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင်လည်းကောင်း၊ အသက် ၁၈ နှစ် အထက်နှင့် ကာကွယ်ဆေးထိုး အုပ်စုများကို အမှတ်(၁) ရပ်ကွက် လှဧကရီခန်းမနှင့် အမှတ်(၂)ရပ်ကွက် သာရေး/နာရေးခန်းမတွင်လည်းကောင်း ယနေ့နံနက် ၉ နာရီမှ စတင်၍ ဆက်လက်ထိုးနှံပေးနေသည်။
စပါးသီးနှံစီပွားဖြစ် မျိုးသန့်မျိုးစေ့(CS Seed) စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်းဖွင့်
Dec 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အအတွင်းရှိ တောင်သူများအား စပါးသီးနှံစီးပွားဖြစ် မျိုးသန့်မျိုးစေ့ (CS Seed) စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ယင်းမာပင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ပခုက္ကူမြို့၊ အမှတ်(၅) ချည်မျှင်နှင့် အထည်စက်ရုံ ဝန်ထမ်းနှင့် မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေး
Dec 03,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)ချည်မျှင်နှင့် အထည်စက်ရုံရှိ ဝန်ထမ်းနှင့် မိသားစုဝင်များအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
မိုးညှင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံနှိုင်ရေး အသိပေးနှိုးဆော်
Dec 03,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် ကာကွယ်ဆေး ထိုးနှံနှိုင်ရေးအတွက် ဒီဇင်ဘာ(၂)ရက် နံနက် (၉)နာရီက အသိပေးနှိုးဆော်ခဲ့သည်။
တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းသား/သူ (၇၉၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီး
Dec 03,2021
“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာ သင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု ရရှိစေရန် ရည်ရွယ်ပြီး ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ် အတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း / အထက်တန်းအဆင့် ကျောင်းသား/သူများအား (ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသည့် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း/အထက်တန်းအဆင့် ကျောင်းသား/သူ (၇၉၀)ဦး ထိရှိပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။