တပ်ကုန်း ဇန်နဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး သိကောင်းစရာ (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ တပ်ကုန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆူဇန်တို့က စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်နေတဲ့ ဘက်စုံစိုက် ပျိုးရေးပညာပေးလုပ်ငန်းများ၊ စိုက်ပျိုးရေ အလွယ်တကူရရှိတဲ့ ဒေသမှ တောင်သူတွေက သီးနှံတွေကို မြေလှပ်မထားဘဲ ဆက်တိုက်စိုက်ပျိုးတဲ့အတွက် မြေဆီလွှာအာဟာရဓာတ် လျော့နည်းလာတဲ့အခါမှာ မြေဆီလွှာ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရမည့်နည်းလမ်းများ၊ တောင်သူတွေ အနေနဲ့သီးနှံတွေ အထွက်တိုးကောင်းမွန်ဖို့အတွက် မျိုးကောင်းမျိုးသန့်ပြောင်းလဲရေး လုပ်ငန်းများ၊ သီးနှံစိုက်ခင်းတွေမှာ ပိုးမွှားရောဂါကင်းစင်ဖို့အတွက် ပိုးမွှားကာကွယ်ရေးလုပ်ငန်းများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ဆွေးနွေးကျင်းပခဲ့သည့် စိုက်ပျိုး ရေးဆိုင်ရာ အသိပညာပေး သိကောင်းစရာများ (Talk Show)အပြည့်အစုံကို တပ်ကုန်းမြို့နယ်ပြည်သူ့ စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်