ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ဂန့်ဂေါ ဇန်နဝါရီ  ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံညှိနှိုင်းကြသည်။

ထိုသို့တွေ့ဆုံညှိနှိုင်းရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ခရိုင်အဆင့် ဌာနဆိုင်ရာများ အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက် ကွင်းဆင်းဆောင်ရွက်ကြရန် ရှင်းလင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများတို့က လိုအပ်ချက်များနှင့် မိမိရုံးအခက်အခဲများကို တင်ပြဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ညှိနှိုင်းဖြည့်စွက် ဆွေနွေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)