မြောက်ဦး ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် တက်ရောက်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ အချိန်မှီပြီးနိုင်စေရေး အတွက် သက်ဆိုင်ရာ ခရိုင်အဆင့်ဌာနများမှ မိမိတို့၏ လုပ်ငန်းများအား ကြပ်မှတ်ဆောင်ရွက်ရန်နှင့် မိမိတို့ဌာနမှ ထူးခြားဖြစ်စဉ်ကို အချိန်နှင့် တပြေးညီရရှိရေးတင်ပြနိုင်ရန် မှာကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးက မြို့နယ်အတွင်းရှိ လမ်းများ၊ လမ်းမကြီးများတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ခရိုင်အဖွဲ့ဝင် ဒုရဲမှူးကြီးတင်ထူးလှိုင် မှ မြောက်ဦးမြို့နယ်အတွင် ကိုဗစ် ဆေးထိုးနှံမှု ၅၂ ရာခိုင်နှုန်းထိုးနှံ ပြီးကြောင်းနှင့် ပန်းခင်းစီမံချက် မှာလည်း ၆၄.၅၆ ရာခိုင်နှုန်းပြီးစီးပြီးကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ခရိုင် ခရိုင်မီးသတ်ဦးစီးမှူးမှ ပွင့်လန်းရာသို့ ရောက်ပြီဖြစ်ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရိုင်ပညာရေးမှူးမှလည်း အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများကို ဇန်နဝါရီလတွင် ပထမနှစ်ဝက်စစ်ဆေးပြီးကြောင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြရန် ကျောင်းအတွင်းအပြင် စုစုပေါင်း (၁၂၄၁၈) ရှိကြောင်း၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူးမှ မြေပုံမြို့တွင် ပန်းခင်းစီမံချက် အောင်မြင်မှုနည်း၍ စီမံချက်အတိုင်းဆောင်ရွက် လျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်း စစ်ဆေးမှု အခြေအနေအား လည်းကောင်း၊ တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာများမှ မိမိဌာနနှင့် သက်ဆိုင်သော အကြောင်းအရာများ ဆွေးနွေးခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သက်ဆိုင်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ ဆွေးနွေး တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)