ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၀

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ အရှေ့ရပ် အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဦးနိုင်လင်းက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ပျော်ရွှင် ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ် လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ နံရံကပ်စာ စောင်နှင့်စာအုပ်ပြပွဲများအား လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်/ဆက်)