ကရင်ပြည်နယ် ပိုင်ကျုံမြို့ ကော့မရိုင်း ကျေးရွာအုပ်စု ကော့မရိုင်း-ကျိုက်ပေါင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် သံကူကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ပေးလျက်ရှိ

ပိုင်ကျုံ  ဇန်နဝါရီ  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှု အဆင်‌ပြေစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များ နှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကော့မရိုင်း ကျေးရွာအုပ်စု ကော့မရိုင်း-ကျိုက်ပေါင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် သံကူကွန် ကရစ်တံတား(၁)စင်း တည် ဆောက် ပေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၅၀)ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားသည် (၁၀‌ပေx၁၂ပေx၁၀ပေ) ရှိပြီး ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာ‌ရေးနှစ် (ပထမအကြိမ်) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင်ဆင်းရဲမှုလျှောချ‌ရေး ရန်ပုံငွေ(၄.၉)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာ တာဝန်ရှိသူတို့မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းများ ပြီးစီးပါက ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့်သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေလွယ်ကူ‌ လာမည် ဖြစ်ကြောင်း သိရှိရပါသည်။

ပိုင်ကျုံ (ပြန်/ဆက်)