သုံးခွမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူများ၏ ရင်တွင်းစကားသံများ

သုံးခွ ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင်  သံဃာတော်များ၊ အသက် ၆၅နှစ်နှင့်အထက် အဘိုးအဘွားများ၊ အစိုးရ၊ ပုဂ္ဂလိကဆေးရုံဝန်ထမ်းများ၊ သယ်ယူ ပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို နေ့စဉ် ထိုးနှံပေးလျက်ရှိကြသည်။

မသန္ဒာ(၂၇)နှစ်အမှတ် ၃ရပ်ကွက်၊ သုံးခွမြို့

နို့တိုက်မိခင်တွေပါ ကာကွယ်ဆေး ထိုးပေးတယ်လို့ကြားထဲက ၀မ်းသာနေတာပါ။ က‌လေး မွေးထားတာက တစ်လခွဲရှိပြီ ကိုဗစ်-၁၉ရောဂါကြီးဖြစ်မှာကြောက်လို့ လာထိုးတာပါ၊အခုဆို အိုမီခရွန်ရောဂါတွေ ကြားနေရတော့ ပိုကြောက်လာတယ်၊ အခုအမကပထမအကြိမ် လာရောက်ထိုးနှံခြင်း ဖြစ်ပါတယ်၊ ဒီဆေးထိုးပြီးတော့ ကိုယ့်ကိုယ်ကိုယ်လူကြားထဲ သွားရင်တောင် ယုံကြည်မှုအပြည့်ရှိသလို ခံစားရတယ်လေ၊ ဒီရောဂါကြီးနဲ့လည်း မသေချင်သေးဘူး၊ ကာကွယ်ဆေးမထိုးရသေးသူတွေလဲ လာထိုးဖို့ ပြောချင်ပါတယ်၊ ဆောင်ရွက်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။

ဦးအုန်းမောင်  (၅၆)နှစ် (အနောက်ကျေးရွာ )

အခုကာကွယ်ဆေးတွေထိုးပြီးပြီဆိုတော့ ဒီရောဂါဖြစ်လာခဲ့ရင် အနိုင်ယူနိုင်တော့မယ်ပေါ့။ ဆေးအပေါ် အပြည့်အဝ ယုံကြည်တယ် ရုပ်မြင်သံကြားက ကျန်းမာရေးကဏ္ဍာမှာလည်းပါတယ်လေ ဒီနေ့ဒီမှာဆေးလာထိုးသူတွေလည်း အများကြီးဘဲ။ အသိတွေထဲမှာ လည်း တချို့က မထိုးရဲကြသူတွေရှိတယ်။  သူတို့ကို ဖုန်းဆက်ပြီး ပြောပြရင်း ဆေးလာထိုးဖို့ တိုက်တွန်းရမယ်။

မထိုးခင်ကတော့ နည်းနည်းကြောက်သလိုပဲ။ အခုထိုးပြီးတဲ့အခါ ကိုယ့်ကိုယ့် အားရှိသွား သလို ခံစားမိသွားတယ်၊ဆေးထိုးလိုက်ရလို့ စိတ်ချမ်းသာပြီး ပျော်ရွှင်မိပါတယ်။

စည်သူလင်း