တွံတေး ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဒေသခံပြည်သူများ၊ စာဖတ်၊ စာဌားပရိတ်သတ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန် အများပြည်သူဗဟုသုတပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများ ရရှိလာစေရေး၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရေး၊ မိမိဖတ်ရှုထားသော စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးတတ်စေရေးနှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ် ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ Book Club၊Youth Club၊ Women Clubအဖွဲ့တို့၏စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးသက်ဦး ဦးစီးအရာရှိ(တာဝန်ပေး)(ကိုသက်-ဥပဒေ)က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Book Ckub အသင်းမှ ကိုဇာနည်ထွန်းနှင့် မခင်ဋ္ဌေးမြင့်တို့မှ ပါဝင်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးသက်ဦး ဦးစီးအရာရှိ (တာဝန်ပေး) က "စာရေးဆရာမ ခင်စောတင့် "ရေးသားသည့် " ဆုံးဖြတ်ဖို့ခက်ခဲမည်ဆိုရင်"စာအုပ်မှ လူတိုင်းအဖို့ တစ်ချိန်ချိန်မှတော့ ဆုံးဖြတ်ဖို့ ခက်ခဲပြီး မပြတ်မသားဖြစ်နေရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ဖူးကြမှာဖြစ်ကြောင်း၊ ငဲ့ညှာရတာတွေ၊အားနာရတာတွေနဲ့ ချီတုံချတုံ ဖြစ်နေတတ်ကြကြောင်း၊ အဲ့ဒီအချိန်မှာ ပြတ်သားဖို့အတွက် စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်ကြောင်း၊ အရာရာကိုအားနာနေရင်း ဆုံးဖြတ်ရန် ခက်ခဲပါကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့လိုအပ်ကြောင်း၊ ယုံကြည်ဖို့ဆိုရင်လည်း အသိဉာဏ် ဗဟုသုတပြည့်စုံရန် စာအုပ်စာပေဖတ်ရှုရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ Book Club အဖွဲ့မှ ကိုဇာနည်ထွန်းက "မိမိကိုယ်ကိုကြင်နာပါ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့မှ မခင်ဋ္ဌေးမြင့်က "ရွှင်းလန်းပေါ့ပါးစေတဲ့ရှုထောင့်ကကြည့်ပါ" ခေါင်းစဉ်တို့ဖြင့် မိမိတို့ဖတ်၊ မှတ်မိသမျှဆွေးနွေးကြရာ တက်ရောက် လာသူများက စာအုပ်၏ အကြောင်းအရာများကို မိမိတို့ဖတ်သမျှအမြင်ချင်ဖလှယ်ခဲ့ပြီး သိလိုသည်များမေးမြန်းရာ ဦးသက်ဦး ဦးစီးအရာရှိ (တာဝန်ပေး)က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ် ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများအကြောင်းနှင့် တက်ရောက်ဆွေးနွေးကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ လစဉ်စာဖတ်ဝိုင်းပြုလုပ်သည့်အခါ တက်ရောက် ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပြီး အဆိုပါစာဖတ်ဝိုင်းသို ့Book Club၊Youth Club၊ Women Club တို့မှ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တွံတေးသား