သန်လျင်မြို့ အမှတ် (၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) ပင်စင်လစာများ ထုတ်ပေးသွားမည်

ရန်ကုန် ဇန်နဝါရီ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ်(၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘ ပြည်သူများ၏ ပင်စင်လစာများကို ကျန်းမာရေးစည်းကမ်းချက်များနှင့် အညီ ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ စက်ရုံပင်စင်ဌာနစိတ်မှ သိရသည်။

သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘပြည်သူများ၏ ပင်စင်လစာ များအား ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထုတ်ပေးသွားမည်သွားဖြစ်ရာ ပင်စင်အမျိုးအစားအားလုံး လာရောက် ထုတ်ယူပေးကြပါရန်နှင့် ပင်စင်လစာများအား အမှတ် (၁) ရေနံချက်စက်ရုံ ရုံးကြီးရှိ ပင်စင်ဌာနစိတ်တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပင်စင်လာရောက် ထုတ်ယူသည့်အခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် Omicron (အိုမီခရွန်) Virus ကာကွယ်ရေးအတွက် ပါးစပ်/နှာခေါင်းစည်း (Mask) များ တပ်ဆင်လာကြရန်၊ ပင်စင်ထုတ်ယူမည့်သူ တစ်ဦးသာ လာရောက်ထုတ်ယူကြရန်၊ ကျန်းမာရေး အခက်အခဲကြောင့် မဖြစ်မနေ လာရောက်ထုတ်ယူပါက နှစ်ဦးထက်မပို ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ လာရောက်ထုတ်ယူကြရန်၊ ကျန်းမာရေးအတွက် ကလေးငယ်များအား (လုံးဝ) မခေါ်လာရန် သက်ဆိုင်ရာမှ အသိပေးထားရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်