တာလေ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခြင်းမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရန် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနိုးဆော်ခြင်း ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းအိုမီခရွန်သည် နိုင်ငံတကာတွင် ရောဂါကူးစက်မှု များပြားစွာ တွေ့ရှိလာခြင်းကြောင့် အများပြည်သူအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာနေကြရန်၊ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောပေးရန်၊ လူစုလူဝေး မလုပ်ကြရန်နှင့် သွားလာခြင်းများမှ ရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးများ ထိုးနှံရန်ကျန်ရှိမှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက ကျေးရွာများအထိ ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အများပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်အောင် ထိုးနှံကြပါရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိမိကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည်တို့ကို အသိပညာပေးခြင်းများ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အောင်ကျော်မိုး(ပြန်/ဆက်)