ပေါက်ခေါင်းမြို့နယ်တွင် နှာခေါင်းစည်း Mask Campaign ပြုလုပ်ပြီး ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခြင်းများ ဆက်လက်ဆောင်ရွက်

ပေါက်ခေါင်း  ဇန်နဝါရီ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာ‌စေရန်နှင့် Mask Campaign ကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့မဈေးနှင့် လူစည်ကားရာ​နေရာများ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စျေးသွား စျေးလာပြည်သူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးပြီး၊‌ နေအိမ်အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှာခေါင်းစည်း မဖြစ်မ‌နေတပ်ဆင်သွားလာကြပါရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်