ညောင်လေးပင် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယနေ့နံနက်ပိုင်းက တော်ဝိကျေးရွာ လူစည်ကားရာနေရာများ ဖြစ်သော ရွာအ၀င်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
ထို့သို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက်များအား လိုက်နာရန်၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင် နေထိုင်ရန်၊ အိမ်ပြင်ပသို့ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်ရန်၊ တစ်အိမ်နှင့်တစ်အိမ် သွားရောက်ပြီး စုဖွဲ့၍ စကားပြောခြင်းများရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေကွာ၍ နေထိုင်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးပါ စသည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)