ပေါက်ခေါင်းမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်း   ဇန်နဝါရီ   ၂၀

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆိုလာစနစ်ဖြင့် လယ်ယာ‌မြေရေရရှိ‌ရေးနှင့် ‌ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေသည့် လုပ်ငန်းများကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများက ယမန်နေ့က လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှု့စစ်‌ဆေးရာတွင် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်‌နေသော ကျွဲပေါင်ပင်ကျေးရွာ ဆိုလာစနစ်ဖြင့် လယ်ယာမြေရေတင်သည့်လုပ်ငန်း၊‌ ညောင်ပင်အင်းရွာနှင့်‌ အောင်မြင်ကုန်း‌ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုများအား ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိသော တာဝန်ခံကုမ္ပဏီ တာဝန်ရှိသူများအား လုပ်ငန်းများ  အရည် အသွေးပြည့်မှီရေးတို့ကို  ဦးစာပေးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ပေါက်ခေါင်းမြို့နယ်အတွင်း ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများဖြစ်သော တွင်းနက်အဝီစိတွင်း တူးဖော်ပေးခြင်း၊ မြေသားရေကန်တူးဖော်ပေးခြင်း လုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့ နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)