ကံမ ဇန်နဝါရီ ၂၀
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးရန်မသင့်သော အစားအသာက် အမှတ်တံဆိပ်များအား ဈေးကွက်တွင် လက်ကျန် မရှိစေရေး စစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းမှ ကုန်စုံဆိုင်များ၊ မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်နှင့် စတိုးဆိုင်များတွင် တားမြစ်ဓါတုပစ္စည်းပါဝင်နေသော စားသုံးရန်မသင့်သည့် အစားအသောက် အမှတ်တံဆိပ်ပစ္စည်း (၃၅)မျိုးအား ရောင်းချခြင်း ရှိ/မရှိ နှင့်ဈေးကွက်တွင် လက်ကျန်မရှိစေရေး စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)