ကံမမြို့၌ အသက် ၈၅ နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

ကံမ  ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အသက်(၈၅)နှစ်အထက် အသက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အ တွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့နေ့လယ် နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များက အိမ်တိုင်ရာရောက် သွားရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်စတုတ္ထသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် အဘိုးအဘွား တစ်ဦးလျှင် လူမှုရေးပင်စင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် အသက်(၈၅)နှစ် အထက် သက်ကြီး ဘိုးဘွား(၈၄၆)ဦး အတွက် ငွေကျပ်(၂၅၃၈၀၀၀၀)ကျပ်ကို နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက အဘိုးအဘွားများအား  အိမ်တိုင်ရာရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)