မှော်ဘီ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sputnik Vaccine (ရှရှား) ထိုးနှံခြင်းကို မှော်ဘီမြို့နယ်ရှိ မြို့နယ် အားကစားကွင်းခန်းမ၌ ယနေ့နံနက် ၈နာရီမှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းတာဝန်ရှိသူတို့က စတင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
‘ကိုဗစ်-၁၉ကာကွယ်ဆေးက လူတိုင်းထိုးသင့်တဲ့ဆေးဖြစ်ပါတယ်။ မထိုးနှံရသေးတဲ့သူတွေ အကုန်လုံးကို ထိုးနှံပေးရင် ကောင်းတာ ပေါ့။ ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး ပေါ့ပေါ့ဆဆတော့နေလို့ မရဘူး ပေါ့’ ဟု အသက်(၄၂) ရှိ ဦးစံရွှေက ပြောကြားသည်။
ကာကွယ်ဆေးထိုးနှံခြင်းမပြုမှီ ကိုယ်ဝန်ဆောင်သည်များ၊နို့တိုက်မိခင်များနှင့် ကာကွယ်ဆေး(shield) ထိုးနှံပြီးသူများ လုံးဝ ထိုးနှံခြင်းမပြုကြောင်းပြောကြားပြီး အသက်(၁၈)နှစ်အထက် ပြည်သူများအား လက်သန့်ဆေးရည်ဖြင့်လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးပြီး ဆေးနှင့်ဓာတ်မတည့်ခြင်း ဘေးထွက်ဆိုး ကျိုးလက္ခဏာများ တစ်စုံ တစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ်တုံ့ပြန်နိုင်ရန်အတွက် မိနစ်၃၀ခန့်အကြာစောင့်ကြပ်ကြည့်ရှုပေးခြင်းများ စီစဉ် ဆောင်ရွက် ထားရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sputnik Vaccine (ရှရှား) ထိုးနှံခြင်းကို မှော်ဘီမြို့နယ်အတွင်းရှိ ပြည်သူရည်မှန်း ဦးရေ (၅၀၀နှင့်၈၀၀)ကြားထိုးနှံပေး မည်ဖြစ်ပြီးကျန်ရှိ ပြည်သူများအား ဇန်နဝါရီ ၂၁ ရက်နေ့တွင် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျန်ကျေးရွာအုပ်စု ရှိပြည်သူများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sputnik Vaccine (ရှရှား) ထိုးနှံမည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို ထပ်မံကြေငြာပေးသွားမည်ဖြစ်ကြောင်း မှော်ဘီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
ကောင်းမြတ်သူ