သတင်းများ

ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jan 19,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနရုံးမှ ဝန်ထမ်းများ က အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show)ကျင်းပ
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) အစီအစဉ်ကျင်းပခဲ့ ကြောင်းသိရသည်။
မြို့သစ်မြို့နယ်မှ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေး လှုံ့ဆော်ခြင်းဆောင်ရွက်
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မိဘပြည်သူများ၏ အသက်အိုးအိမ်နှင့် စည်းစိမ်များမီးဘေးအန္တရာယ်ကြောင့် မပျက်စီးစေရန်အတွက် လိုက်နာရမည့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် မီးသတ်ဝန်ထမ်းများက ယမန်နေ့ည ၈နာရီ က မြို့ပေါ်ရပ်ကွက်များအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးလှုံ့ဆော်ကြေငြာခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ကွန်ဟိန်းမြို့၊(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှုပညာ သိကောင်းစရာစာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့ မွန်းလွဲ(၃:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စားသုံးသူကာကွယ် ရေးအသိပညာပေး Talk Show ဆောင်ရွက်
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀)နာရီကပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေး လုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron)အပါအဝင် ရောဂါပိုးကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လိုက်လံအသိပေး​နှိုးဆော်ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/ မရှိ ဆက်လက်စစ်ဆေး
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron)ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။