ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show)ကျင်းပ

ငါးသိုင်းချောင်း    ဇန်နဝါရီ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) အစီအစဉ်ကျင်းပခဲ့ ကြောင်းသိရသည်။

အဆိုပါ (Talk Show)အစီအစဉ်၌ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးမှူးဒေါ်နှင်းယုဝေက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် လတ်တလောအခြေအနေတွင် ဆောင်ရွက်လျက်ရှိသည့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို အများပြည်သူ သိရှိလိုက်နာပူးပေါင်းဆောင်ရွက်နိုင်စေရန် မေးမြန်းဆွေးနွေးခဲ့ရာ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ဦးခင်မောင်သန်းက ရှင်းလင်းဖြေကြားဆောင်ရွက်ခဲ့ပြီး လတ်တလော ကူးဆက်ပျံ့ပွား လျက်ရှိသည့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန် ရောဂါလက္ခဏာများအကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေ၊ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိဌာနများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေ၊ ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ရောဂါကြိုတင်ကာ ကွယ်ရေးနည်းလမ်းများအတိုင်းအများ ပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်း အစရှိသည့် အကြောင်းအရာများကို (Talk Show) အစီအစဉ်တစ်ရပ်အနေဖြင့် ရိုက်ကူးထုတ်လွှင့်ပေးခဲ့ကြောင်းသိရှိရသည်။

စိုးမင်းဦး

မြို့ပြန်/ဆက်