ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ပေါင်းတည် ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေး လုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron)အပါအဝင် ရောဂါပိုးကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လိုက်လံအသိပေး​နှိုးဆော်ကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူ များအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များ ကို အသိပေးနှိုးဆော်ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)