မြို့သစ် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မိဘပြည်သူများ၏ အသက်အိုးအိမ်နှင့် စည်းစိမ်များမီးဘေးအန္တရာယ်ကြောင့် မပျက်စီးစေရန်အတွက် လိုက်နာရမည့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် မီးသတ်ဝန်ထမ်းများက ယမန်နေ့ည ၈နာရီ က မြို့ပေါ်ရပ်ကွက်များအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးလှုံ့ဆော်ကြေငြာခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပေးကြေငြာပေးရာတွင် ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မိမိအိမ်၌သုံးစွဲထားသော မီးဖိုမီး၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်မီးများ၊ ခြင်ဆေးခွေကို စနစ်တကျသုံးဆွဲကြရန်၊ မလိုအပ်ပါက စနစ်တကျငြိမ်းသတ်ထားကြရန်နှင့် မိမိတို့နေအိမ်၌ မီးချိပ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများကို စနစ်တကျပြုလုပ်ထားကြရန်၊ မိမိတို့အိမ်ပတ်ဝန်းကျင်ရှိ အမှိုက်များကို လုံးဝ(လုံးဝ)မီးမရှို့ကြရန် တွေ့ရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီစသည့်စက်သုံးဆီများကို မြို့အတွင်း၌ သိုလှောင်ခြင်း၊ ရောင်းချခြင်း (လုံးဝ)မပြုလုပ်ရန်နှင့် တွေ့ရှိပါက မီးသတ်ဥပဒေပုဒ်မများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း