မြောင်းမြ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀)နာရီကပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာကြည်က စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန်၊ စားသုံးသူများ၏အခွင့်အရေးများနှင့် တာဝန်များကို သိရှိစေရန်ရည်ရွယ်ပြီး အသိပညာပေး Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။၄င်းနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးက စားသုံးသူရေးရာဦးစီးဌာနအား စတင်ဖွဲ့စည်းခဲ့ပုံနှင့် ဌာန၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းဖော်ပြချက်များနှင့် ပြစ်မှုပြစ်ဒဏ်များနှင့် စားသုံးသူရေးရာအခွင့်အရေးများ ဆုံးရှုံးမှုနှင့်ပတ်သက်၍ ဆက်သွယ်အကူအညီ တောင်းခံနိုင်သောနေရာများ၊ ဖုန်းနံပါတ် များအား ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင်ပြည်သူများ အသိပညာဗဟုသုတ ရရှိစေမည့် Talk Show အစီအစဉ်များကိုရိုက်ကူး၍ ပြည်သူ့စာကြည့်တိုက် Page မှ လွှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။
စန္ဒာကြည်