သံဖြူဇရပ်မြို့နယ်ရှိ ကာရာအိုကေနှင့် စားသောက်ဆိုင်များ ဒေသန္တရစည်းကမ်းချက်နှင့် အညီဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သံဖြူဇရပ်    ဇန်နဝါရီ   ၁၉

မွန်ပြည်နယ် သံဖြူဇရပ်မြိုနယ်အတွင်းရှိ ကာရာအိုကေနှင့် စားသောက်ဆိုင်များတွင် ဒေသန္တရစည်းမျဉ်းစည်းကမ်းချက်နှင့် အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိ အခြေအနေများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကာရာအိုကေနှင့် စားသောက်ဆိုင်များ ကြီးကြပ်ရေး ကော်မတီအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးရာ၌ ကာရာအိုကေနှင့် စားသောက်ဆိုင်များတွင်  ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်များအား ဒေသန္တရစည်းမျဉ်းများနှင့် အညီ ဖွင့်လှစ်မှု ရှိ/မရှိ၊ ၀န်ထမ်းများနှင့် စားပွဲထိုးများ ဧည့်စာရင်းတိုင်ကြားထားမှု ရှိ/မရှိ၊ ၀န်ထမ်းများနှင့် စားပွဲထိုးများအား ကိုဗစ် ကာကွယ်ဆေး ထိုးနှံထားမှု ရှိ/မရှိ၊ သတ်မှတ်လိုင်စင်များ ရှိ/မရှိ၊ မီးငြှိမ်းသတ်စနစ်ပါ၀င်ခြင်း ရှိ/မရှိ နှင့် မီးသတ်ဆေးဗူး များထား ရှိခြင်း ရှိ/မရှိ၊ လျှပ်စစ်မီးများသွယ်တန်းထားမှု ရှိ/မရှိ၊ မူးယစ်ဆေးဝါးနှင့် တားမြစ်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ သန့်ရှင်းရေးနှင့် အမှိုက်စွန့်ပစ် စနစ်ကောင်းမွန်မှု ရှိ/မရှိ စသည့်အချက်များကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အေးအေးမွန်(ပြန်ဆက်)