ကွန်ဟိန်း ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှုပညာ သိကောင်းစရာစာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့ မွန်းလွဲ(၃:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပါသည်။ ယင်းနောက် Book Club အဖွဲ့ဝင် မခြူးမြတ်ရွှေရည်မောင် က စာအုပ်ပါ အကြောင်းအရာများအား ဦးဆောင် ဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများတိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Book Club အဖွဲ့ဝင်များ၊ စာပေဝါ သနာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
ပြည့်(ကွန်ဟိန်း)