သတင်းများ

ဘုရားသုံးဆူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသံချဲ့စက်များဖြင့် အသိပညာပေး ဆောင်ရွက်
Dec 03,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာ ပေး နှိုးဆော်မှုများအား ပြည်သူများသိရှိနိုင်စေရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်၌ မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် ဘုရားသုံးဆူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနနှင် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ မဲသမူး-မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော မြေသားလမ်း ဖောက်လုပ်
Dec 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မဲသမူးကျေးရွာအုပ်စုရှိ မဲသမူး-မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော မြေသားလမ်း (၁)မိုင်ဖောက်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူကလေးငယ် များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Dec 03,2021
ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နိုဝင်ဘာလ ပထမအပတ်အတွင်း ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်လေးများအား ဒုတိယ အကြိမ်မြောက် ကာကွယ်ဆေးကို စုရပ်ကျောင်းငါးနေရာတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁)ဦး ထပ်မံတွေ့ရှိ
Dec 03,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ယ​နေ့နံနက်ပိုင်းကကိုဗစ်-၁၉​ကာကွယ်၊ ထိန်းချုပ်၊ကုသ​ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ မြို့မ​စျေးရှိ​​စျေးဆိုင်ရှင်များ၊ မြို့တွင်း ဝင်/ထွက်သွားလာသူများ၊ ပိုး​တွေ့လူနာများ၏မိသားစုဝင်များ၊ Contactထိ​တွေ့သူများစုစု​ပေါင်း လူဦးရေ(၇၁)ဦးအား RDTtestkitဖြင့် စစ်​ဆေးရာကိုဗစ်-၁၉​​ရောဂါပိုး(၁)ဦး တွေ့ရှိခဲ့​ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင် ပြသဆောင် ရွက်
Dec 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မသန်စွမ်းဆိုင်ရာသိကောင်းစရာများ သိရှိစေရန် ရည်ရွယ် ၍ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမြို့ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်
ဘုတ်ပြင်းမြို့နယ် ကမ်းတောကျေးရွာတွင် အသေးစားဓာတ်အားပေးစနစ်ဖြင့် ကျေးရွာများ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး
Dec 03,2021
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများလျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်လျှက်ရှိရာ တနင်္သာရီတိုင်းဒေကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကမ်းတော ကျေးရွာတွင် Mega Gobal Green ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိသည့်လုပ်ငန်းခွင်သို့ ကော့သောင်းခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ ဒီဇင်ဘာလ ၂ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ပုလောမြို့တွင် နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးနှင့် နှာခေါင်းစည်း(Mask) အခု(၁၀၀၀၀) အခမဲ့ ဖြန့်ဝေ
Dec 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ မြိုပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်ခန်းမ အရှေ့ မြိတ်-ထားဝယ် ကားလမ်းမပေါ် ခရီးသွား မိဘပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာ သွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
ပန်းတနော်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်​ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများကွင်းဆင်း​ဆောင်ရွက်​ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ခရေကန်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။