သတင်းများ

ပင်လောင်းမြို့နယ်တွင် မသန်စွမ်းသူများ နှင့်ပတ်သက်သည့်  အခွင့်အရေးများ ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Dec 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင် ဘာလ ၃ ရက်နေ့၊ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသောအားဖြင့်  မသန်စွမ်းသူများနှင့်ပတ်သက်သည့် အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 03,2021
ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများစုပေါင်း၍ ဖွဲ့စည်း ခဲ့သော အငြိမ်းစားဝန်ထမ်းများ နာ‌ရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုက်လတ်မြို့နယ် Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲပြသ
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက ပြသခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲပြသ
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက ပြသခဲ့ကြောင်း သိရသည်။
ကျေးရွာအုပ်စုအတွင်းမှ ကာကွယ်ဆေးမထိုးရသေးသည့်ပြည်သူများ စတုတ္ထသုတ်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၆၂၅)ဦးရှိ
Dec 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု နောင်မွန်ဘုန်းတောင်ကြီးကျောင်းနှင့် နန်းပုလင်းကျေးရွာအုပ်စု နန်းပုလင်း ဘုန်းတော်ကြီးကျောင်း၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများ စတုတ္ထသုတ်ပထမအကြိမ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၆၂၅)ဦး ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းရေး အသိပညာပေး အရှိန် အဟုန်မြှင့်ဆောင်ရွက်
Dec 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း ကျဆင်းနေသော်လည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အသိပညာပေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အုတ်ဖို(၁)၊ အုပ်ဖို(၂) ရပ်ကွက်နှင့် စျေး(၁) ရပ်ကွက်အတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး​ နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ
Dec 03,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများထံသို့ အသိပညာပေးလုပ်ငန်းများ အား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ ပြည်သူ့စာကြည့် တိုက်တွင် အများပြည်သူများအား
ကျိုက်လတ်မြို့၌ပြည်သူများကိုဗစ်-၁၉ရောဂါ ကူးဆက်မှုကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနိုးဆော်ခြင်းများ ဆောင်ရွက်​​​​​​​ 
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးနိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိရာဒီဇင်ဘာလ ၃ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့‌ပေါ်ရပ်ကွက်များနှင့် မြို့မဈေးကြီးအတွင်း အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။