သတင်းများ

ကျွန်းစုမြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အများပိုင် မီးလင်းရေးအဖွဲ့မှ မီးသုံးစွဲသူပြည်သူများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှု ရပ်နားခဲ့ရာ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မီးလင်းရေးကော်မတီနှင့် မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များက လျှပ်စစ်မီးရရှိရေး အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီး ပုံမှန်ရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင်မြစိမ်းရောင်စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်
Dec 03,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရွာသစ် ကျေးရွာ အတွက်မြစိမ်းရောင် စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်၁၀နာရီက မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Dec 03,2021
မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားဒုတိယ  အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။  
ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ် နှစ်အောက် ကလေးငယ်များအား  ထောက်ပံ့ငွေများပေးအပ်
Dec 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခန့်က နားခိုက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ခဲ့သည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၁)ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Dec 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၂၁)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့နံနက် ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိကြောင်း  သိရသည်။
မက်မန်းမြို့နယ်၌ အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား Phase (4) အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဝမ်စလောင်းအုပ်စု၌ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။
နာဂဒေသ၊ ပန်ဆောင်မြို့၌ ကုန်မြင့်လယ်ယာမြေ ဖော်ထုတ်ရေး အစည်းအဝေးကျင်းပ
Dec 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ကုန်မြင့် လယ်ယာမြေဖော်ထုတ်ရေး အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့အထွထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နောင်ယန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)လုပ်ငန်းကို လုပ်ငန်းဆောင်ရွက်မည့် မက်မန်းမြို့နယ် ဝမ်စလောင်းအုပ်စု ငဟောင်ကျေးရွာသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။