သတင်းများ

မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၌ ရွေ့လျားစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Dec 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစား တွေးခေါ်မှု ဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေး အသိပညာပေးနှိုးဆော်ခြင်း
Dec 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကဝမြို့ပေါ် ရပ်ကွက်များနှင့် ခမေကြီး၊ သပြေကန်ကျေးရွာများ၌ လူနေထူထပ်သည့် လမ်းဆုံလမ်းခွနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အထူးစီမံချက်ဖြင့် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထူး ကြပ်မတ် ဆောင်ရွက်လျက်ရှိ
Dec 03,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုအားကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက လျက်ရှိရာ မြို့နယ်အဆင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကြီးကြပ်မှု ကော် မတီမှ ဦးဆောင်၍ အထူးစီမံချက်အရ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက် ၇ နာရီကစတင်ပြီး မြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို အထူး ကြပ်မတ် ဆောင်ရွက်ခဲ့သည်။  
ရွှေပြည်သာမြို့နယ်တွင် ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးလျက်ရှိ
Dec 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ  ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ  အသင်းချုပ်၊ မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ရွှေပြည်သာမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက အမှတ်(၁၁) ရပ်ကွက် (ပတ္တမြားစျေး)၊ အမှတ် (၁၉)ရပ်ကွက်နှင့် အမှတ်(၂၀)ရပ်ကွက်တို့တွင် ဆန်၊ ဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့ပေါ် ဘုရင့်နောင်လမ်းမကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ   ဆောင်ရွက်
Dec 03,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ပေါ် ဘုရင့်နောင်လမ်းမကြီး အမှတ်(၅)ရပ်ကွက်၊ (၆)ရပ်ကွက်တို့တွင်(ပြန်/ဆက်) ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် မြို့ပေါ်ရပ်ကွက်များသို့ စဉ်ဆက်မပြက်အသိပညာပေးနှိုးဆော်လျက်ရှိ
Dec 03,2021
ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြား ချက်များကို ဒေသခံတိုင်းရင်းသားပြည်သူများ သိရှိလိုက်နာစေရန်  အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ဆောင်ရွက်ခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ အသက်(၄၀)နှစ်အထက်နှင့် အသက်(၁၈)အထက် ပြည်သူများအား ကာကွယ်ဆေးများထိုးနှံရေးနှင့် ကျန်းမာရေးအသိပညာပေး လှည့်လည်နှိုးဆော်                                                             
Dec 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသက်(၄၀)နှစ် အထက်နှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကျန်းမာရေးအသိပညာပေး လှည့်လည်နှိုးဆော်ခြင်း ကို ယနေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ လမ်းမကြီးများ၊ လမ်းဆုံ၊ လမ်းကြိုလမ်းကြားနှင့် လူစည်ကားရာနေရာများသို့ သွားရောက်၍ မော်တော်ယာဉ် အသံချဲ့စက်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။
မင်းကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်းတုန်းမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြည့်ရှုစစ်ဆေးပြီး Oxygen Plant စက်ရုံ ဖဲကြိုးဖြတ်ဖွင့်လှစ်
Dec 03,2021
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ လိုက်ပါ၍ ယမန်နေညနေ ၃ နာရီက မင်းတုန်းမြို့တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သော မြို့မအားကစားကွင်း ခြံစည်းရိုးနှင့် ပွဲကြည့်စင် တည်ဆောက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း စစ်ဆေးပြီး အားကစားနှင့်ကာယပညာ နည်းစနစ်မှုးအား လိုအပ်သည်များ မှာကြားခဲ့သည်။