ငွေဆောင် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ဆက်လက်၍ ထိုးနှံပေးခဲ့သည်။
ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ရှိသူ လျာထားဦးရေ ၁၂၇၆၇ ဦးရှိပြီး ယနေ့အထိ ကာကွယ်ဆေးထိုးပြီးသူ ၁၂၃၁၃ ကျော်ရှိပြီ၍ ဆေးထိုးရန်လျာထားသူ လူဦးရေ၏ ၉၆ % ခန့်ထိုးပြီးဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့စေရေးတွက် ပါဝင်ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
မူမူ