သတင်းများ

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်
Dec 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းအားဖြင့် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၇) နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး လှည့်လှည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အခြေခံပညာကျောင်း များ ပြန်လည်ဖွင့်လှစ်သင်ကြား
Dec 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်နေမှုကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းနေပြီ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြားခဲ့​သည်။
အမျိုးသမီးများကို အကာအကွယ်ပေးသည့် ဥပဒေ အသိပညာပေး Talk Show ကျင်းပ
Dec 03,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အမျိုးသမီးများကို အကာအကွယ်ပေးသည့် ဥပဒေ အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကမမောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ် စာစောင်များ ပြသ
Dec 03,2021
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မသန်စွမ်းဆိုင်ရာသိကောင်းစရာများ အားပြည်သူများသိရှိစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့  အသိပညာပေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်ထား ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကမမောင်းမြို့ရုံးတွင်း နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်းသိရသည်။
လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် လိုက်နာရမည့်အချက်အလက်များ ၊ ဆောင်ရန်ရှောင်ရန်များအား အသိပေးနှိုးဆော်
Dec 03,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါစနစ်တကျကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်အလက်များ၊ ဆောင်ရန်ရှောင်ရန်များအား ပြည်သူ များသိရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းကရပ်ကွက်နှင့်ကျေးရွာများအတွင်း လှည့်လည် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
လားရှိုးမြို့တွင် အသက် (၁၂) နှစ်နှင့် အသက် (၁၈) နှစ် ပြည့်ပြီးသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်
Dec 03,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဆေးထိုးစုရပ် (၈) ခုတို့၌ ဒီဇင်ဘာ(၄)ရက်နေ့မှစတင်ကာ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးခြင်း လှည့်လည်တိုက်တွန်းနှိုးဆော်ခြင်းဆောင်ရွက်
Dec 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာ ပေး လမ်းညွှန်ချက်များ ကွင်းဆင်းလှည့်လည်တိုက်တွန်းနှိုးဆော်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်က မြို့အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Dec 03,2021
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။