မြန်အောင် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများသိရှိစေရန် ယမန်နေ့ညက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံအသိပေးနှိုး ဆော်ရာတွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့်မီးလန့်မှု၊မီးလောင်မှုများ ဖြစ်ပွားခြင်းမရှိစေရန် မီးဖိုအသုံးပြုလျှင်၊ လျှပ်စစ်မီးအသုံးပြုလျှင်၊ ဆေးလိပ်သောက်လျှင်နှင့် လောင်စာဆီများအသုံးပြုလျှင် လိုက်နာရမည့်အချက်များ၊ မိမိနေအိမ်နှင့်စီးပွားရေးလုပ်ငန်းများတွင်မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် လုပ်ဆောင်ရမည့်အချက်များနှင့် မီးလောင်မီးလန့်မှုဖြစ်ပွားပါကြိတ်၍ မီးငြိမ်းသတ်ခြင်း မပြုလုပ်ရန်၊ အနီးဆုံးမြို့ နယ်မီးသတ်စခန်းသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင်