မြဝတီမြို့ ရွှေမြင်းဝန်းစေတီတော်မြတ်ကြီးတွင် မီးစက်ဖြင့် လျှပ်စစ်မီးပူဇော်နိုင်ရေး မီးစက်ဝယ်ယူရန် ထည့်ဝင်လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း‌ပေးအပ်ချီးမြှင့်

မြဝတီ ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ရွှေမြင်းဝန်းစေတီတော်မြတ်ကြီးတွင် မီးစက်ဖြင့် လျှပ်စစ်မီးပူဇော်နိုင်ရေး မီးစက်ဝယ်ယူရန် ထည့်ဝင်လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း‌ ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မီးစက်ဝယ်ယူရန် စေတနာထက်သန်စွာ ထည့်ဝင်လှူဒါန်းသည့် အလှူရှင်များအားအထူး‌ ကျေးဇူးတင်ကြောင်း၊ ရွှေမြင်းဝန်းစေတီတော်မြတ်ကြီးသည် မြဝတီမြို့၏ အထင်ကရဖြစ်သည့်အတွက် စေ‌တီတော်မြတ်၏ ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့်‌ စေတီတော်မြတ်၏ ပတ်ဝန်းကျင်သန့်ရှင်သာယာ‌ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ရွှေမြင်းဝန်းစေတီတော်မြတ်ကြီးတွင် မီးစက်ဖြင့် လျှပ်စစ်မီးပူဇော်နိုင်ရေး မီးစက်ဝယ်ယူရန် ထည့်ငွေလှူဒါန်းသည့် အလှူရှင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဦးစိန်သောင်း၊ ခရိုင်ရဲမှူးအောင်‌မြင့်ဌေး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် သက်ဆိုင်တာဝန်ရှိသူများက အလှူရှင်းများကို ဂုဏ်ပြုမှတ်တမ်းလွှာ အသီးသီးပေးအပ်ခဲ့ရာ ခရိုင်သနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်းကအလှူရှင်များကို ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ရွှေမြင်းဝန်းစေတီတော်မြတ်ကြီးတွင် မီးစက်ဖြင့် လျှပ်စစ်မီးပူဇော်နိုင်ရေး မီးစက်ဝယ်ယူရန် အလှူရှင်များထည့်ငွေလှူဒါန်းသည့် စုစုပေါင်း‌ငွေ ၁၅၆၂၀၀၀၀ ကျပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ‌ရွှေမြင်းဝန်းစေတီတော်မြတ်ကြီး၏ ဘုရားဂေါပကအဖွဲ့များထံသို့ ပြန်လည်လွှဲအပ်ပေးခဲ့ပြီး ရွှေသင်္ကန်းဆက်လက်ကပ်လှူနိုင်ရန်အတွက် ဦးညီညီမောင်မိသားစုမှ အလှူငွေ ၅ သိန်းကျပ်ကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)