သတင်းများ

နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Dec 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့်အသိပညာပေးအစီအစဉ်များကိုစဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇာတ်လမ်းနှင့်သရုပ်ဖော်-မောင်မောင်ဦး၏ “မြတ်နိုး ချစ်ခင်ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့် ပုံပြောအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဘတ်ဂျက်တွင် ဆောင်ရွက်မည့် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 03,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဘတ်ဂျက်တွင် ဆောင်ရွက်မည့် ဝါပန်ကျေးရွာအုပ်စု၊ ဘော်အိုင်ကျေးရွာ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ကျပ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
     မိုင်းငေါ့ မြို့တွင်  Online မှတစ်ဆင့်အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ်   ဆောင်ရွက်ပေးလျက်ရှိ
Dec 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီ အစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်ကွမ်သတ်ကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားနေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်
Dec 03,2021
နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကွမ်သတ်ကျေးရွာအုပ်စု၌ မြို့နယ်ဦးစီး အရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုး ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ကွမ်သတ်ကျေးရွာအုပ်စု၌ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဖျာပုံခရိုင်အတွင်းရှိပြည်သူများ စားသုံးဆီလိုအပ်ချက်များ မဖြစ်ပေါ်စေရေး ဆီလုပ်ငန်းရှင်များ အသင်းဖွဲ့စည်း
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် ခရိုင်/ မြို့နယ်စားသုံးသူရေးရာဦးစီးမှူးများမှ ဦးဆောင်၍ ပြည်သူများ စားသုံးဆီ လိုအပ်ချက်များ မဖြစ်ပေါ်စေရေး၊ ခရိုင်နှင့်မြို့နယ်အလိုက် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတာဝန် ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက Virtual Zoom Meeting စနစ်ဖြင့် သက်ဆိုင်ရာ ခရိုင်မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများတွင် ဆီလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ
Dec 03,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက် ရှိသည်။
စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Dec 03,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချူပ်ရေးအတွက် အသိပညာ ပေးဆောင် ရွက်ခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ညနေပိုင်းက စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
 မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက်ပြည်သူ (၁၁၅)ဦးအား ပထမအကြိမ် (စတုတ္ထ) ရက်   ကိုဗစ်-၁၉     ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး   
Dec 03,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့ တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေးမထိုးနှံရသေးသူ အသက် (၁၈)နှစ် အထက်ပြည် သူများအား ပထမအကြိမ် (စတုတ္ထ)ရက်နေ့ အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက် လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။