ပုလော ဇန်နဝါရီလ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား Covishield ဆေးအမျိုး အစားကို ပထမအကြိမ်အဖြစ် ယနေ့နံနက် ၉ နာရီချိန်က ပုလော မြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက covidshield အမျိုးအစား ပထမအကြိမ်အဖြစ် ထိုးနှံပေး ခြင်းဖြစ်ပြီး၊ ပုလောမြို့နယ်တွင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်လ ၃၁ ရက်မှ စတင်၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် ယမန်နေ့အထိ Sinopharm အမျိုးအစား ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ပထမအကြိမ် ၅၉၉၆၅ ဦး၊ ဒုတိယအကြိမ် ၅၀၈၀၃ ဦး၊ Sinovac အမျိုးအစား ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ပထမအကြိမ် ၄၃၀၀ ဦး၊ ဒုတိယအကြိမ် ၄၃၀၀ ဦး၊ Covishield အမျိုးအစား ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ပထမအကြိမ် ၄၂၄၆ ဦး၊ ဒုတိယ အကြိမ် ၄၂၄၆ ဦး စုစုပေါင်း ၅၉၃၄၉ ဦးတို့အား ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရ သည်။
အေးအေးမော် (ပုလော)