ဟိုပုံးမြို့နယ်၌ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဟိုပုံး ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား/သူများအား စာစီစာကုံးပြိုင်ပွဲ၊  ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ကလေးပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီ းအကဲများက လိုအပ်သည်များ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)