နွားထိုးကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်

နွားထိုးကြီး ဇန်နဝါရီ ၂၅

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်(၁)မျိုးမျိုးထုတ် ပေးနိုင်ရေးအတွက် မေလ(၃) ရက်နေ့မှစတင်၍ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက နွားထိုးကြီးမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်များ၌ Door To Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အသက်(၁၆)နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦး စီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှဝင်းနိုင်နှင့် ဝန်ထမ်းများက အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသာစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခြင်း၊လဲ လှယ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်လဲလှယ်ခြင်းလုပ်ငန်းများကို Door To Door စနစ်ဖြင့် နေအိမ်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင့်နှင့် အတူ ပန်းခင်းစီမံချက်လုပ်ငန်းများ ကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပန်းခင်းစီမံချက် လက်ကမ်း စာစောင်များ ဖြန့်ဝေပေး ရာလူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ဆွေနှင့်အဖွဲ့က မြို့နယ်ဦးစီးမှူးရုံး၏ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍  စာရင်းဇယား ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်