မြောင်းမြမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိ

မြောင်းမြ  ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်(၇း၃၀)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲရှိဝန်ထမ်းများက ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

မြောင်းမြမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ(၁၄၄) အုပ်စုတွင် ပင်စင်စားဝန်ထမ်း (၅၀၀၀) ​​ ကျော်ရှိပြီး ဇန်နဝါရီ ၂၁ ရက်နေ့မှ လကုန် အထိ နေ့စဉ်နံနက်(၇း၃၀)နာရီမှ နေ့လယ်(၂း၃၀)နာရီထိ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ်သည်။ပင်စင်စားများအနေဖြင့် မြန်မာ့စီးပွါးရေးဘဏ်တွင်ကိုယ်တိုင်လာရောက်ထုတ်ယူသူများရှိသလို Wave Money.  Mobile Banking နှင့် ငွေစုဘဏ် Account များထဲသို့ စာရင်းပြောင်းထုတ်ယူသူများလည်းရှိကြောင်း၊ သတ်မှတ် ရက်များတွင်လာရောက်ထုတ် ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဖေဖော်ဝါရီလဆန်းတွင်ဘဏ် လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ် ပေးသွားမည်ဖြစ် ကြောင်း၊အဆိုပါပင်စင်လစာများကို ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွါး ရေးဘဏ်မှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

စန္ဒာကြည်