သတင်းများ

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် နှမ်းနက်(ခေါ်)စမုံနက်နှမ်းနက်များ အောင်မြင်ဖြစ်ထွန်း
Dec 06,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစောမောင်အေး၏ လယ်မြေတွင် ဝင်ငွေများပိုမိုရရှိနိုင်သည့် နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
လှိုင်းဘွဲ-ရှမ်းရွာသစ်သွားကတ္တရာလမ်းမှ ထီးတပလူးထကျေးရွာချင်းဆက်လမ်းမြေသားလမ်းဖောက်လုပ်
Dec 06,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မဲသမူးကျေးရွာအုပ်စုရှိ လှိုင်းဘွဲ-ရှမ်းရွာသစ်ကတ္တရာလမ်းမှ ထီးတပလူးကျေးရွာ ချင်းဆက် မြေသားလမ်း(၂)မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်‌ပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီအချိန်က ကျွန်းစုကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့၌ မြို့တွင်း သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိ
Dec 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့တွင်းသန့်ရှင်း သာယာလှပစေရေးအတွက် အမှိုက်နှင့်မြက်ပင်၊ ပေါင်းပင်များ ရှင်းလင်းသိမ်းဆည်းခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေဆိုး၊ ရေညစ်များအား ဖော်ထုတ်ရှင်းလင်းခြင်းကို အပတ်စဥ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကမမောင်းမြို့၌ စာဖတ်ဝိုင်းကျင်းပ
Dec 06,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ‌မောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူများအ သင်းတို့ ပူးပေါင်း၍ စာရေးဆရာ မင်းခန့်ရွှေရေးသားသည့် "ရေဆာရေသာသောက်ပါ" မြန်မာမှုစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို သိရှိလိုက် နာနိုင်ရန် အသိပေး နှိုးဆော်
Dec 06,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညွှန်ကြားချက်များအား သိရှိ လိုက်နာနိုင်ရန် အရှိန်အဟုန်မြှင့်အသံချဲ့စက်ဖြင့် လိုက်လံနိူးဆော်ကြေညာခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများက ကမမောင်း မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့နံနက်ပိုင်းက ပြည်သူများထံ အသိပေးနှိုးဆော်ကြေညာခဲ့သည်။
စဉ့်ကိုင်အ-ထ-က၌ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် လှူဒါန်းပွဲကျင်းပ
Dec 06,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်ပညာရေးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဆာကူရာကာရာတေးအသင်းတို့ ပူးပေါင်း၍ စဉ့်ကိုင်အခြေခံပညာ အထက်တန်းကျောင်း  သဇင်ခန်းမတွင် အားကစားနှင့်  ပတ်သက်သည့်   အသိပညာပေး   ဟောပြောပွဲ ၊ သရုပ်ပြပွဲနှင့် လှူဒါန်းပွဲယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက် 
Dec 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးနိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိရာဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့‌ပေါ်ရပ်ကွက်များနှင့်မြို့မဈေးကြီးအတွင်းအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။