အင်္ဂပူမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော် 

အင်္ဂပူ ဇန်နဝါရီ  ၂၅ 

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့ နံနက်က အင်္ဂပူမြို့အမှတ် (၁) ရပ်ကွက် အတွင်းရှိ ပြည်သူများအား အိုမီခရွန် (Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကာ ကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အင်္ဂပူမြို့နယ်အတွင်း ပြည်သူများအားလုံးကျယ် ကျယ်ပြန့်ပြန့်သိရှိစေရန် ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ အပြင်သို့သွားတိုင်းနှာ ခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်၊ အရေး ကြီးကိစ္စမရှိလျှင်တခြားသူများထံသို့သွားရောက်လည် ပတ်ခြင်းမပြုကြရန်၊  အရာဝတ္တုများကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်  စက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ် ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန်၊  ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာများပေါ် ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်၊ အင်္ဂပူမြို့အတွင်းရှိ တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် သတ်မှတ်နေရာများ၌ ကာကွယ်ဆေးများလာရောက်ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရန်မိဘပြည်သူများကလည်းပူးပေါင်းပါဝင်ပေးကြပါရန် စသည့် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

မြို့နယ်