ကံမမြို့ အမှတ်(၄)ရပ်ကွက် စံပြ(၅)လမ်းပေါ်၌ ကွန်ကရစ်ရေပြွန်အစား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

 ကံမ ဇန်နဝါရီ  ၂၅

မကွေးတို်ငးဒေသကြီး  သရက်ခရိုင်  ကံမမြို့  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၄)ရပ်ကွက်၊ စံပြ(၅)လမ်းပေါ်ရှိ မြေသားများဖြင့်ပိတ်ဆို့နစ်မြုပ်နေသော ကွန်ကရစ်ရေပြွန်အားတူးဖော်၍ ရေစီးရေလာ ပိုမိုကောင်းမွန်စေရန်အတွက် ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါ ဆောင်ရွက်မည့် ကွန်ကရစ်တံတားမှာ အရှည် ၁၈ ပေ ၊  အနံ  ၃ ပေ၊  အနက် ၃ ပေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ် ၁၅ သိန်း ဖြင့်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ  ဦးမြင့်လှိုင်ထံမှ သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)