ဟိုပုံး ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် အခြေခံ ပညာ အခြေခံပညာကျောင်း(ခွဲ)တွင် အသိပေးဟောပြောခဲ့ကြသည်။
ထိုသို့အသိပညာပေး ဟောပြောရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်္ဂီအောင်မှ ကလေးလူငယ်ဆိုင်ရာ ဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေဇင်အောင်မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်း အရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်အေးအေးငြိမ်းမှ ဥပဒေအကြောင်းအရာနှင့် ယာဉ်စည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ)တို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူးမှ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းတို့ကို ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရ သည်။
ဆက်လက်၍ ကျောင်းသား/သူများအား နိုင်ငံ၏ နေ့ထူးနေ့မြတ်ရက်များအား အမြဲအမှတ်တရ သိရှိနေ စေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန် စာအုပ်စာပေများကို ချစ်မြတ်နိုးတက်စေရန်၊ စာပေ တန်ဖိုးကို သိနားလည်စေရန်၊ စာဖတ်ခြင်းဖြင့် ဘဝတိုးတက်မှုကို ရရှိကြစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး နံရံကပ်စာစောင်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆောင်းပါးများ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူများ၊ ကဗျာ၊ ကာတွန်းများ၊ ဆောင်ပုဒ်များ၊ မှတ်တမ်းပုံများ ပြသထားရှိပြီး၊ စာအုပ်ပြပွဲတွင် ပြည်ထောင်စုနေ့နှင့် ပတ်သတ်သည့် သုတစာအုပ်များ၊ ကဗျာစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ စာစောင်များ ပြသထားရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)