ကျုံပျော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်
Jan 26,2022
မြေငလျှင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး ဇာတ်တိုင်လေ့ကျင့်မှု ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက တေဇရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မီးသတ်စခန်းရုံးသစ်၌ ပြုလုပ်သည်။