သတင်းများ

ကြံခင်းမြို့တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် မြိုနယ်မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ခြံဝန်းအတွင်း သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။ 
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်)ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အသိပညာပေးခြင်း ဆောင်ရွက်
Jan 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်)ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်းကာ အသိပညာပေးခြင်းလုပ်ငန်းအား ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကဝမြို့နယ်၌ အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် လူမှုကွန်ရက်များ၌  လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှု မရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၆)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
သနပ်ပင်မြို့နယ်၌ အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူမှုကွန်ရက်များ၌ လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ည (၇)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲပြုလုပ်
Jan 27,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် ဓာတ်ပုံပြပွဲကိုယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁ /၂၀၂၂)သို့တက်ရောက်
Jan 27,2022
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပုလောမြို့ အထက(၁)ကျောင်း၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ကျေးရွာအသီးသီးသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီ ပုလောမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။