သတင်းများ

သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၃၁၄)ဦးရှိ
Jan 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၂)ခုမှ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၂၀၇)ဦး၊ ပြင်ပဖြေကျောင်းသား၊ ကျောင်းသူ(၁၀၇)ဦး၊ စုစုပေါင်း(၃၁၄)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၄၄ဦးအား ပထမအကြိမ် CoviShield အမျိူးအစား ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံပေး
Jan 26,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည် အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော် ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၄၄ဦးအား ပထမအကြိမ် CoviShield အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေး နှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကျုံပျော်တွင် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှု မရှိစေရေး၊နယ်မြေ‌အေးချမ်းသာယာရေး အတွက် လုံခြုံရေးစစ်ဆေးမှုများကို ယနေ့ နံနက်က မြို့အဝင်/ အထွက် အင်းရဲလမ်းဆုံ၌ ပူး‌ပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့၌ ဒေခံပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကင်ဝေးစေရန်အတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုနှံပေးခြင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ကာကွယ်ဆေး လာရောက် ထိုးနှံရန် အသိပညာပေး ဆွေးနွေး
Jan 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါဖြစ်ပွားမှု လျှော့နည်းစေရန် အတွက်၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ ဆေးလာရောက် ထိုးနှံရန် အသိပညာပေး ဆွေးနွေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဘုရားကြီး စေတီတော်ဝင်းအတွင်း ကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ကာကွယ်ရန် အသိပညာပေးနှိုးဆော်
Jan 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆောင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲOmicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွါးမှု ကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်
Jan 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌  ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲOmicron(အိုမီ ခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်
မိုင်းလွေကျေးရွာအုပ်စု နတ်မုတ်ကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ သွားရောက် စစ်ဆေးပေး
Jan 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် RDT (Tesk Kit)ဖြင့် ရောဂါပိုး ရှိ/မရှိကို အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက မိုင်းလွေကျေးရွာအုပ်စု နတ်မုတ်ကျေးရွာနေ ဒေသခံ ပြည်သူ(၈၄)ဦးအား တာဝန်ရှိသူများနှင့်ကျန်းမာရေးဝန်ထမ်းများမှ သွားရောက်စစ်ဆေးပေးခဲ့ရာ (၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
ဒလမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဖွင့်လှစ်ပြီးသော စာကြည့်တိုက်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။