စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများအား ပင်စင် လစာများ ထုတ်ပေး

စဉ့်ကိုင် ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ဇန်နဝါရီ(၂၁)ရက်​နေ့မှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အညီအငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဘဏ်ရုံးအ၀င်တွင် လက်ဆေးဘေစင်၊ လက်သန့်ဆေးရေများ၊ လက်ဆေး ဆပ်ပြာများထားရှိပေးခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာ ဘဏ်ရုံးအတွင်း ၀င်ရောက်စေခြင်း၊  တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာတွင် စီစဉ်ထားရှိပြီး အငြိမ်းစား၀န်ထမ်းများ  ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန် မြန်မာ့ စီးပွားရေး ဘဏ်တွင်အများသူငှာ ရုံးပိတ်ရက်မှအပ  ရုံးဖွင့်ချိန်များတွင်  ထုတ်ပေးလျက်ရှိပြီး ဇန်နဝါရီ (၂၁)ရက်နေ့မှ ဇန်နဝါရီ(၂၆)ရက်​နေ့  အထိ အငြိမ်းစား ပင်စင် ၀န်ထမ်း(၇၇၈)ဦး အား ငွေကျပ်  (၈၂၁၃၈၀၅၅.၃၆)ကျပ်အား ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် လစာထုတ်ရက်မတိုင်မီအထိ နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၃)နာရီထိ  လူစုလူဝေးမဖြစ်ပေါ်စေရန်  စနစ်တကျ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

ညိုညိုဝင်း