သတင်းများ

ကော့ကရိတ်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် မွန်လှိုင်ကျေးရွာရှိ (မူ/လွန်)ကျောင်း အမိုးများ ပျက်စီး
Jan 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ခရစ်ကျောက်တန်းအုပ်စု၊ မွန်လှိုင်ကျေးရွာရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းဆောင် အလျားပေ (၁၃၀)၊ အနံ ပေ (၃၀)ရှိ အဆောက်အဦ၏ အမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆို
Jan 26,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဒိုင်းဆုကြီးရရှိလာသော ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သာသနာ့ ဗိမာန်တော်ကြီးရှေ့၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မသန်စွမ်းအဖွဲ့တို့ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၉:၀၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန် စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် သမိန်ဗရမ်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်
Jan 26,2022
ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိ သမိန်ဗရမ်းလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းကို ဇန်နဝါရီလ ဒုတိယပတ် က စတင်ကာ ကြယ်စင်ထွဋ် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအကြိမ် Phase -6 ဆက်လက်ထိုးနှံပေးလျက်ရှိ 
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကျွဲသောင်အုပ်စု အ.ထ.ကကျွဲသောင်ကျောင်း ဆေးထိုးစုရပ်တွင် ကျောင်းသား၊ ကျောင်းသူများအား Phase-6 (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၉နာရီအချိန်မှစတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 
မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ ရေး ကိုဗစ်-၁၉ ညွှန်ကြားချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး လှည့်လည် နှိုးဆော်
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များအား ပြည်သူများသိရှိစေရန် ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ် လမ်းဆုံလမ်းမများနှင့် ရပ်ကွက်ကျေးရွာများသို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များ အား မွန်/မြန်မာ နှစ်ဘာသာဖြင့် အသိပေးလိုက်လံနှိုးဆော်
Jan 26,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများ အရောက် မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။
ကမမောင်းမြို့တွင်(၇၅)နှစ်‌ မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်အတွက် အားကစားလှုပ်ရှားမှုပြိုင်ပွဲများကျင်းပ
Jan 26,2022
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်(၇၅)နှစ်မြောက်စိန်ရတုပြည်‌ ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍  အားကစား လှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ကမ‌မောင်းမြို့လူထု အခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။